Your Star For 25/02/2008 To 02/03/2008
|
M o n d a y
|
သူတစ်ပါးရဲ့ အကူအညီနဲ့ တိုးတက် အောင်မြင်မှု၊ ရာထူးတက်မှု၊ စီးပွားတိုးတက်မှုတွေ မုချ ဧကန်ရမယ်။ ခရီးဝေး မြင်ပါတယ်။ စွန့်စားမှုတွေ ပြုရမယ်။
ဒါပေမယ့် အောင်မြင်ပါလိမ့်မယ်။ ထီထိုးပါ။ ထီပေါက်မယ်။ ခရီးဝေးတွေ ရောက်မယ်။ နိုင်ငံ ရပ်ခြား ခရီး ရှိနေပါတယ်။ အချစ်ရေး ကောင်းတယ်။
မင်္ဂလာ လက်ထပ်ပွဲ ဖြစ်မယ်။ ငွေဝင် ကောင်းနေတယ်။ ကျန်းမာရေး ကောင်းတယ်။ ယခု တစ်ပတ်အတွင်း သင့်ကိုသင် မယုံနိုင်လောက်အောင် တိုးတက်မှု ရမယ်။
တစ်ခု အဆင်ပြေဆဲမှာဘဲ နောက်တစ်ခု အဆင်ပြေမှု ထပ်ပြီး အောင်မြင်မှုတွေရမယ်။ မိသားစုနဲ့ခွဲ ပြီး အခြား အရပ်သို့ သွားရောက်ရမယ်။ ကံကောင်းနေမယ်။
သားချင်း ဆွေမျိုးတွေကို ကူညီ ထောက်ပံ့နိုင်မယ်။ အကူအညီပေးသူတွေ များနေမယ်။
ယတြာအနေနဲ့ တနင်္လာနေ့မနက်မှာ ခိုလေးတွေကို အစာကျွေးလိုက်ပါ။ ငါးလေးတွေကိုလည်း အစာ ကျွေးလိုက်ပါ။
|
|
သူတစ်ပါး အလုပ် ကိုယ့်အလုပ်နဲ့ အလုပ် များနေတဲ့ ကာလ ဖြစ်နေမယ်။ လစာ တိုးလိမ့်မယ့်။ ၀င်ငွေ ကောင်းလိမ့်မယ်။
အပေါင်းအသင်း မိတ်ဆွေချစ်သူတို့ထံမှ ကူညီမှုတွေ ရမယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ ချုချာ နိုင်ပါတယ်။
ရနေတဲ့ ငွေထက် ထပ်မံ တိုးမြင့်ပြီး ငွေဝင် ငွေရ ကောင်းနေမယ်။ အလုပ်နေရာ တာဝန် ပြောင်းကိုင်ရမယ်။
အထက် အကြီးအကဲနဲ့ အဆင်ပြေမှု ရမယ်။ အဝေးမှ စာ၊ လက်ဆောင်၊ ဓါတ်ပုံတွေ ရမယ်။ အဝေး နေချစ်သူမှ ချစ်ခွင့်ပန် စာတွေ ရမယ်။
ကံကောင်းနေမယ်။ အဝေးနေ ဆွေမျိုး မိဘ သားချင်း တို့ ထံမှ ကောင်းသတင်း ကြားရမယ်။ အထင်လွဲ စွပ်စွဲမှုတွေ ခံရမယ်။
ခြေ လက်တို့ ကိုက်ခဲ့မှု ဖြစ်မယ်။ အရာရာမှာ ကိုယ်ကပဲ ဦးဆောင် ဆရာ လုပ်ချင်သူ ဖြစ်ပြီး ကိုယ်တိုင် ဆရာ တစ်ယောက်လည်း
ဖြစ်လိမ့်လာမယ်။ စိတ်ချမ်းသာမှု ရလိမ့်မယ်။ အကောင်းတွေ မြန်မြန်ရောက်ပြီး အဆိုးတွေ မြန်မြန်ပျောက်ဖို့ အင်္ဂါနေ့မှာ စနေ သားသမီး တစ်ယောက်ကို
မုန့်ဝယ် ကျွေးလိုက်ပါ။
|
T u e s d a y
|
|
W e d n e s d a y
|
သင့်ရဲ့ စိတ်တွေ မြန်နေ ပါတယ်။ လွတ်လပ်မှု လိုလားတာ မှန်ပေမယ့် အရမ်း မလုပ်သင့်တဲ့ ကာလပါ။ သူတစ်ပါးရဲ့ အပြစ်တင်ခြင်း ခံရတတ်တယ်။
အချစ်ရေးမှာ စိတ်ဝမ်း ကွဲရန်ကြုံပြီးမှ ပြန်ပြေလည် လာမယ်။ မမျှော်လင့်ပဲ ခရီးဝေးတွေ ရောက်မယ်။ မိသားစုနဲ့ ခေတ္တ ခွဲနေရတတ်တယ်။ ထီထိုးပါ။ ပေါက်မယ်။
သူတစ်ပါး ငွေကြေးပစ္စည်းများ ကိုယ့်ထံ ထိန်းသိမ်း ထားရတတ်တယ်။ သူတစ်ပါး အချစ်ရေးက ကိုယ့် အပေါ် တာဝန် တစ်ခု ဖြစ်လိမ့်မယ်။
အလုပ်အကိုင် အပေါ် ငြီးငွေ့မှု ဖြစ်လာမယ်။ အခြားအလုပ်ကို ကူးဖို့တော့ မလွယ်သေးပါ။ အတိုက်အခံတွေ ကြုံနေမယ်။ စိတ်ကူးနဲ့ တိုက်ဆောက်နေသလို
ဖြစ်နေမယ်။ အရာရာ လွဲချော်မှုတွေ ဖြစ်ပြီးမှ အဆင်ပြေလာမယ်။ ကြီးသူတစ်ယောက် ချူချာမယ်။ ငွေကြေး ကုန်ကျမှုများမယ်။ အထင်လွဲ စွပ်စွဲ ခံရမယ်။
ယတြာကတော့ ဗုဒ္ဓဟူးနေ့မှာ ဘုရားကို ယပ်တောင်လှူပါ။ လိုရာ ဆုတောင်းပါ။
|
|
အဝေးမှ ကောင်းသတင်းတွေ ကြားရမယ့် သီတင်းပတ်ပေါ့။ ကတိ တစ်ခု လွယ်လွယ် မပေးမိဖို့တော့ ဂရုစိုက်ပါ။ မတင်မကျ
ဖြစ်နေတဲ့ ကိစ္စတွေ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။ လက်ဆောင်တွေ ရောက်လာလိမ့်မယ်။ မိသားစုနဲ့ ခွဲခွာ နေရတတ်တယ်။ ဆွေမျိုးအတွက် စိတ်ရှုပ် ရတတ်တယ်။
ခရီးဝေးတွေ များမယ်။ အချစ်ရေး အသစ်တွေ ပေါ်မယ်။ ကျန်းမာရေး ကောင်းနေမယ်။ ဒါပေမယ့် လူယုံ မထားသင့်တဲ့ ကာလပါ။
ခြေထောက်၊ လက် ခိုက်မိတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေး၊ ကျန်းမာရေး ကောင်းနေမယ်။ ထီထိုးပါ ထီပေါက်မယ်။ အလုပ်အကိုင် အသစ်တွေ ရလိမ့်မယ်။
အချိန်ပို အလုပ်တွေက ၀င်ငွေ ကောင်းနေမယ်။ မရောက်ဘူးတဲ့ ခရီးတွေ ရောက်မယ်။ အတိုက်အခံတွေ ပေါ် အောင်နိုင်မယ်။
အကောင်းဆုံးတွေပဲ ပေါက်မြောက်အောင်မြင်ဖို့ ကြာသပတေးနေ့မှာ ပေါက်ပေါက်ပွင့် ကပ်လှူပြီး လိုရာဆု တောင်းလိုက်ပါ။
|
T h u r s d a y
|
|
F r i d a y
|
အချစ်ရေး၊ စီးပွားရေး၊ အလုပ်အကိုင် ဘက်စုံ ကံကောင်းမယ့် သီတင်းပတ်ပါ။ အဝေးနေ ချစ်သူထံမှ စာ၊ လက်ဆောင်၊ ဓာတ်ပုံ ရလာလိမ့်မယ်။
အဝေးနေ မိသားစု ဒါမှမဟုတ် ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းများ သင့်ထံ ရောက်လာလိမ့်မယ်။ ကံကောင်း ပါတယ်။ ငွေဝင် ကောင်းလာလိမ့်မယ်။
ခရီး ယာယီတွေ သွားရလိမ့်မယ်။ လုပ်သမျှ အဆင်ပြေလာမယ်။ ကျန်းမာရေး ချူချာမယ်။ ဒါပေမယ့် မစိုးရိမ်ရပါဘူး။ အကြီးအကဲရဲ့ အထင်လွဲ ခံရလိမ့်မယ်။
သားချင်း အကြီးအကဲရဲ့အပြစ်တင်ချင်း ခံရမယ်။ ငွေအားကောင်းနေတာမို့ ထီပေါက်မယ်။ ဒါမှမဟုတ် ငွေစုလိုက် အပြုံလိုက်ဝင်မယ်။
သင်ရဲ့ စွန့်စားမှု အစပိုင်း လွဲချော်နေပေမဲ့ နောက်ပိုင်း အောင်မြင်လာမယ်။ ယတြာကတော့ ဂုဏ်တော်ကိုးပါး အဓိဌာန်ဝင်ပါ။
|
|
တိုးတက်မှု၊ အောင်မြင်မှု၊ ၀င်ငွေကောင်းမှု အလုပ်အကိုင် အဆင်ပြေမှု၊ အလုပ်သစ်ရမှုတွေနဲ့ ထူးခြားပျော်ရွှင်ရမယ့် သီတင်းပတ်ပေါ့။
အချစ်ရေး၊ ကျန်းမာရေးလည်း ကောင်းနေပါတယ်။ အပေါင်းအသင်းတွေကလည်း ကူညီမှုရမယ်။ ကြိုးစားသလောက် အောင်မြင် အဆင်ပြေမယ်။
ထီ ပေါက်ကိန်း ရှိပါတယ်။ မိဘသားချင်းတို့ကို အလုပ်အကျွေး ပြုနိုင်ပါလိမ့်မယ်။ ရတနာ သုံးပါး ပိုမို ဆည်းကပ်ပါ။
မိဘအပေါ် သိတတ်တဲ့ စိတ်ကို ဆက်လက် မွေးမြူပါ။ အကျိုးပေးပါလိမ့်မယ်။
အထောက်အပံ့ကောင်းတွေရဖို့ ဘုရားကို တောင်းဝှေးလှူပေးပါ။
|
S a t u r d a y
|
|
S u n d a y
|
ကြိုးစားသမျှတွေ အကောင် အထည်ပေါ် အောင်မြင်မယ့် ကာလ ဖြစ်တယ်။ ပတ်ဝန်းကျင်ရဲ့ ကူညီမှုနဲ့ အဝေးမိတ်ဆွေတွေရဲ့ ကူညီမှုကြောင့် အောင်မြင်မှုတွေ ရလိမ့်မယ်။
အလုပ် အကိုင်အသစ်တွေ ရမယ်။ ဒါမှမဟုတ် လုပ်ငန်းဟောင်းကနေ လုပ်ငန်းအသစ်ကို လစာကောင်းကောင်းနဲ့ ကူးပြောင်း လုပ်ကိုင်ရမယ်။
ဖြေဆိုထားတွေ ရှိရင် အောင်မြင်မှုတွေ ရမယ်။ ချစ်တဲ့သူထံကနေ ၀မ်းသာစရာ သတင်းကောင်း ကြားရမယ်။ အချစ်ရေး၊ ပညာရေးနဲ့ အလုပ်အကိုင်တွေအတွက်
သတင်းကောင်းတွေ ကြားရမယ်။ overtime အလုပ်တွေကနေ ၀င်ငွေတွေ ကောင်းနေမယ်။ ၀ါသနာ ပါရင် ထီထိုး ပါ။
ပေါက်ကိန်းက ရာနှုန်း ၉၀ ကျော်နေပြီ။ အချစ်ရေးမှာ ကြောင်သူတော် ကြွက်သူခိုးလို လူနဲ့ တွေ့တတ်တယ်။ သတိထားပါ။
စက်ပစ္စည်း ၀င်မယ်။ လက်၊ ခြေ တစ်ဖက် အနာ ရတတ်တယ်။ ဒီတစ်ပတ်ထဲတော့ လူယုံ မထားသင့်သေးဘူး။
ဆွေမျိုး သားချင်းတွေထံကနေ စိတ်ရှုပ်စရာ သတင်း ကြားရတတ်တယ်။ မရောက် ဖူးသော ခရီး ရောက်ရမယ်။
နိုင်ငံရပ်ခြား ခရီး ရောက်ရမယ်။
ကျန်းမာရေး နည်းနည်း ချူချာမယ်။ ငွေလိမ် ခံရတတ်တာမို့ ဂရုစိုက်ပါ။
အရိုးရှင်းဆုံး ယတြာကတော့ အသက်ကြီးသူကို တနင်္ဂနွေ မနက်မှာ အအေး တစ်ခွက် တိုက်လိုက်ပါ။ ပြီးရင် ဆုပေးခိုင်းပါ။
|
|